ဧရာဝတီတိုင်း သာပေါင်းမြို့တွင် တစ်နေ့လျှင် တန်(၂၀၀)ကျပျော့ဖတ် စက်ရုံရှိ ပါသည်။ ထိုစက်ရုံမှ ဓါတုပစ္စည်း များပါဝင်သော ရေဆိုးများကို စက်ရုံတည်ရှိရာ လှေကြီတက် အုပ်စုတွင်းရှိ လှေကြီးတက်နှင့် နံနံကုန်း ချောင်းအတွင်းမှ၎င်း၊ ကြက်သွန်ကွင်းနှင့် လှေကြီတက် အကြားရှိ ပွက်လျက်ချောင်း မှ၎င်း၊ စွန့်ပစ်လျက် ရှိနေပါသည်။
နံနံကုန်း ချောင်းအတွင်းမှ စွန့်ပစ်သောရေများ မှာ အများအားဖြင့် အဖြူရောင် နှင့် အ၀ါရောင် ရေများဖြစ်ပြီး ထိုရေကြောင့် ငါး နှင့် ပုဇွန် များ သေကြေပျက်စီးပြီ လူများမှာမူ ယားယံခြင်း အဖုအပိန့် အနာများဖြစ်ခြင်း တို့ကိုခံစား နေကြရပါသည်။
ပွက်လျက်ချောင်း မှထွက်သော ရေဆိုးများမှာ စက်ရုံ၏ ရေဆိုး ဌာနမှ ထုတ်၍ လယ်တီချောင်း အတွင်းသို့စီးဝင်လာပြီး ထိုချောင်းသည် ပွက်လျက်ချောင်းဖြင့် ပေါင်းဆုံ၍ လှေကြီတက်နှင့် ကြက်သွန်ကွင်း အကြားမှ င၀န်မြစ် အတွင်းသို့စီး ၀င်နေပါသည်။ ဤချောင်းသည် မိုးကာလတွင် ရေမြုတ်လယ်များ ကိုဖြတ်သန်းရသဖြင့် ၎င်းရေတွင်ပါဝင် လာသော စွန့်ပစ်ရေဆိုးများသည် မိုးကာလ၌ ရွာနှစ်ရွာ ကြားတွင် မြင်မကောင်းလောက်အောင် ရွံရှာဖွယ် အတိဖြစ်နေပါသည်။
ထိုရေဆိုးများ သည် မဲပုတ် ပြစ်ချွဲနေပြီး အနံဆိုးလည်းထွက်လျက် ရှိသည့်အပြင် ယားယံစေတတ်ပြီး၊ အချို့အဖု အပိန့်ထွက်လျက်ရှိနေပါသည်။
မကြာမီက စက်ရုံမှ ချောင်းကိုပိတ်၍ ဗေဒါ များထည့်သည့် ဟန်ပြသည့် လုပ်ဆောင်ချက်ကို တွေ့ရသော်လည်း မည်သို့မျှ မထူးခြားသည့် အပြင် ပို၍ပျစ်ချွဲ မဲပုပ်နံစော် လာပါသည်။
အလားတူပင် စက်ရုံမှ စွန့်ပစ်သော ထုံချေးများ မှာလည်း ဓါတုပစ္စည်းများ ပါရှိနေ၍ ကျွဲနွားများ နင်းမိပါက ခွာပန်းကုန်းများ ကွဲအက်၍ အနာများ ဖြစ်တတ်ကြပါသည်။
စက်ရုံလည်သည့် အခါတွင်ထွက်သော ကလိုရင်း အနံအသက်မှာ လည်းအနီးအနားရွာများ အပြင် သာပေါင်းမြို့ နှင့် လေသင့်လျှင် ဘုရားကုန်းရွာ၊ ကန်ကြီးဒေါင့် မြို့များအထိပင် ပျံနှံ လျက် အခံရခက် နေကြရပါသည်။
စက်ရုံသို့လူကြီးလမ်း ကြောင်းရှိလျှင် ဓါတုပစ္စည်း များမထွက်အောင် ထိမ်းပေးသော်လည်း လူကြီးပြန်က ဒေသခံများမှာ ပို၍မချိအောင် ခံစားနေကြရပါသည်။
တောဖက်တွင်လည်း ကုန်ကြမ်းစိုက်ခင်း ဟုဆိုကာ သစ်တောများ ခုတ်ထွင်ပြီး စိုက်ပျိုးကြသည် မှာလည်း ၁၀ ရာနှုန်းထက် ပို၍မဖြစ်ထွန်းသဖြင့် သစ်တောပြုန်းတီးခြင်၊ ကုန်ကြမ်း ခုတ်ယူရာတွင်လည်း ပေါက်ပွားမှုထက် ခုတ်ယူမှုက ပိုသဖြင့် ၀ါးတောပြုန်းတီးမှု ဖြစ်ပွားနေရာ အနာဂတ်အတွက် လွင်ထီးခေါင်ပြင်ဖြစ် ဖို့သာဖန်တီး နေသလိုသာ ဖြစ်နေပါသည်။
သို့ပါ၍ အဆိုပါစက်ရုံ ကြောင့် ပတ်ဝန်းကျင် ရေထု၊ လေထု၊ နှင့်မြေပြင် တို့ညစ်ငြမ်း မှုတို့အပြင် နောက်ထပ် တိုးချဲ့ တန် (၅၀) နှင့် တန်(၆၀) တို့ပြိုင်တူ လည်ပတ်ကြပါလျှင်မူ ဒေသခံတို့ဘ၀ ထိုထက်ပို၍ အသက်ရှု ကြပ် လာကြမည့် အရေးအတွက် တာဝန် ရှိုသူတို့ သိရှိုနိုင် ပါရန် နှင့်ဒေသခံ တို့ဘ၀ကို ကိုယ်ချင်းစာတတ်အောင် လာရောက်ရှူရှိုက် ပြီး ကြည့်ရှုသင့်ပါကြောင်း ရေသားတင်ပြ လိုက်ရပါသည်။
